---
title: အခက်ခဲကြားက B2B Business လုပ်ငန်းများ - အပိုင်း (၁)
description: B2B businesses are struggling due to sales talent shortages, weak systems, and lack of management time. See where execution really breaks — and what to fix first.
image: https://www.uclabsgroup.com/hubfs/B2B%20Blog%201%20Banner.png
---

[![3](https://www.uclabsgroup.com/hubfs/3.png)](https://www.uclabsgroup.com)

![menu](https://f.hubspotusercontent40.net/hubfs/7479797/menu.png)

![close_24px](https://7479797.fs1.hubspotusercontent-na1.net/hubfs/7479797/close_24px.svg)

[Contact Us](https://www.uclabsgroup.com/contact-us)

# အခက်ခဲကြားက B2B Business လုပ်ငန်းများ - အပိုင်း (၁)

[![Instructor - William Kyaw](https://www.uclabsgroup.com/hs-fs/hubfs/UC%20Labs%20Social%20Media.png?width=50&height=50&name=UC%20Labs%20Social%20Media.png)](https://www.uclabsgroup.com/uc-labs-company-limited-blog/author/instructor-william-kyaw)

[Instructor - William Kyaw](https://www.uclabsgroup.com/uc-labs-company-limited-blog/author/instructor-william-kyaw)  07 February, 2026

![အခက်ခဲကြားက B2B Business လုပ်ငန်းများ - အပိုင်း (၁)](https://www.uclabsgroup.com/hubfs/B2B%20Blog%201%20Banner.png)

လုပ်ငန်းလုပ်ပါတယ်ဆိုမှ အခက်ခဲကတော့ ပုံစံအမျိုးမျိုးနဲ့ ရှိစမြဲပါပဲ။ ဒါပေမယ့် ဒီနှစ်တွေမှာ B2B လုပ်ငန်းတွေမှာ ပိုခက်လာပါတယ်။

 B2B Sales & Marketing Checklist Download

 

အဓိကကတော့ ကျွမ်းကျင် B2B Sales တွေ ရှားပါးလာတာပါပဲ။ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ အရင်ကတွေ့နေရတဲ့ B2B Sales ကျွမ်းကျင်သူတွေ Relocation လုပ်ကုန်ကြတယ်။ သင်ပေးရလွယ်ကူ အလုပ်ကို serious ဖြစ်မယ့် လူသစ်တွေ junior မျိုးဆက်သစ်တွေကလဲ ပျက်တောက်သွားတော့ လက်ရှိ ရှိတဲ့သူနဲ့ပဲ အလုပ် အဆင်ပြေပြေ မပြေပြေ၊ နိုင်နိုင် မနိုင်နိုင် ဆက်သွားနေရတယ်။

ရောင်းရတာမှာလဲ Customer တွေ ဘက်ကကို အရင်ကလို budget မသုံးနိုင်တော့လို့ Deal တွေကနည်း၊ ရှိတဲ့ Deal မှာ ပြိုင်ဘက်ကများ၊ အမြတ် margin ကလဲပါးလာခဲ့တယ်။ Customer အသစ်ရှာဖို့ကလဲ အချိန်ကုန်လူပန်းဖြစ်လွန်းတယ်။

Owner နဲ့ Leader တွေ စျေးထ မရောင်းရင် အလုပ်မဖြစ်ဘူး ဖြစ်လာတယ်။

ဆက်ရေးရရင် အများကြီးပေါ့။ ဒါတွေကြောင့်ပဲ အခက်ခဲကြားက B2B Business လုပ်ငန်းများ ဆိုတဲ့ ဒီ Blog Series ကို စရေးဖြစ်ခဲ့ပါတယ်။

အရာရာအားလုံးရဲ့ အစက Management ကလို့ ကျွန်တော်က ပြောချင်ပါတယ်။ လူတွေ မကောင်းတာ မတော်တာလို့ ပြောတာ မဟုတ်ပါဘူး။

အဓိကက Management က Management လို စဉ်းစားဖို့ အချိန်မရ၊ Management က Management လို အလုပ်လုပ်ဖို့ အချိန်မရတာကစပါတယ်။

မိတ်ဆွေက Management တစ်ယောက် B2B Business တစ်ခုကို ဦးဆောင်နေရပြီ ဆိုရင် အခုပြောတာတွေ လိုက် စဉ်းစားကြည့်ပါ။

ဒီနေရာမှာတော့ Sales နဲ့ Marketing ကိုပဲ Focus လုပ်ပြီး ပြောပါရစေ။ နောက်ပိုင်း Blog တွေမှာတော့ အခြား area တွေနဲ့ ပါတ်သက်ပြီး ပြောပါဦးမယ်။

[B2B Sales & Marketing Checklist Download](https://www.hubspot.com/)

 

### 1. Management လိုနေဖို့ အချိန် မရခြင်း။

Business Management ရဲ့ အစ Four Main Functions ကတဲ့။

B2B Sales ပဲ ဖြစ်ဖြစ်၊ Marketing ပဲ ဖြစ်ဖြစ်ပါ။ Management အနေနဲ့ ဒီ ၄ခုကို လုပ်ဖို့ အချိန် ရှိကို ရှိရပါမယ်။

Four Main Functions of Management - POLC

P - Planning

O - Organizing

L - Leading

C - Controlling

**Planning** - အကြမ်းဖြင်းပြောရရင် ပေါ်လာတာတွေကြီးပဲ လိုက်လုပ်နေလို့ မရပါဘူး။ Plan အကြမ်းဖျဉ်းတစ်ခု ရှိရပါမယ်။

ကိုယ်ဘယ်လို Goal တွေ ချမှတ်မလဲ Sales အတွက်၊ Marketing အတွက်။ Yearly အတွက်၊ Quarterly အတွက်၊ Monthly အတွက်၊ Weekly အတွက်။

ဘယ်လို Sales နဲ့ Marketing Strategies တွေ သုံးမလဲ။ ဘယ် Framework ဘယ်Process မျိုးနဲ့ က်ိုယ့်လုပ်ငန်း ကိုယ့် Customer တွေနဲ့ ကိုက်လဲ။ စုတုပြု ဘယ်လိုလုပ်မလဲ။ Localization ဘယ်လိုလုပ်မလဲ။

အရေးကြီးတဲ့ Key Tasks တွေ Critical Success Factors တွေက ဘာတွေလဲ။

Customer Journey ကို သေချာ နားလည်ပြီလား။ Communication Channels တွေ ဘယ်လို သုံးမလဲ။

Sales Process ဘယ်လိုချမလဲ။

Marketing Process ဘယ်လိုချမလဲ။

ဒါတွေ စဉ်းစားထားပြီး Plan လုပ်ထားပြီး Team ကို Align လုပ် Team က နားလည်ထားပြီလား စစ်ဆေးရပါမယ်။

စာရွက်ပေါ် Slide ပေါ်က Plan ဖြစ်လို့မရပါဘူး။

နားလည်ပြီး လိုက်လုပ်ဖို့ အထိ ရှင်းလင်းတဲ့ Plan တစ်ခု ဖြစ်ရပါမယ်။

ဒါဟာ Management တွေရဲ့ အရေးအကြီးဆုံး Task တစ်ခုပါ။

မိတ်ဆွေမှာ ဒါအတွက် အချိန် မရှိရင်တော့ လွယ်ကူအောင် လုပ်ဖြစ်အောင် လုပ်လို့ရမယ့် နည်းလမ်းတွေ ရှာဖို့ လိုအပ်လာပါပြီ။

 

Organizing - အကြမ်းဖြင်းပြောရရင် မိတ်ဆွေဟာ Superman ဆိုရင်တောင် Budget၊ Team နဲ့ Resources တွေ လိုပါတယ်။

Plan တစ်ခု အောင်မြင်ဖို့ Team members တွေ၊ လက်တွဲလုပ်ရမယ့် အခြား Team ကလူတွေ၊ လူအင်အား ဘယ်လောက်လိုမလဲ၊ ဘယ်လို Sales/Marketing skill ရှိတဲ့သူတွေ လိုမလဲ၊ မရှိသေးရင် ဘယ်လိုရှာမလဲ၊ လက်ရှိလူတွေကိုလဲ ဘယ်လို Develop လုပ်မလဲ ဆိုတဲ့ အချက်ကလဲ အရေးကြီးပါတယ်။

လူရှာရခက်တဲ့ ခေတ် ကြီးမှာ ဒီကိစ္စကို သေချာ မစဉ်းစားထားရင်၊ မပြင်ဆင်ထားရင် Plan ဘယ်လောက်ကောင်းကောင်း မအောင်မြင်နိုင်ပါဘူး။

ဘယ်လို Skillset တွေ က က်ိုယ်သွားမယ့် Sales & Marketing Process အတွက်လိုမလဲ အသေးစိတ် နားလည်ရပါမယ်။ Assessment လိုအပ်ရင် လုပ်ရပါမယ်။ Training ထက် development ကို ပို Focus လုပ်ရပါမယ်။ ဒီနေရာမှာတော့ ဒီလောက်ပဲ ရေးပါရစေ။

Plan တစ်ခု အောင်မြင်ဖို့ နောက်ထပ်လိုအပ်တဲ့ အချက်က Tool တွေပါ။

Ai ခေတ်ရောက်နေပြီး B2B Sales မှာ CRM or Sales Pipeline Management Tool မှ မသုံးရင် မိတ်ဆွေဟာ ခက်ခဲနေဦးမှာပါပဲ။ ဒီနေရာမှာ မြန်မာပြည်က B2B Business တွေ အများကြီးနောက်ကျ ကျန်နေခဲ့ပါတယ်။ Tool သုံးရင် ခက်တယ်၊ ပိုက်ဆံကုန်တာပဲ မြင်ကြတယ်။

ဘယ်လောက်လွယ်သွားလဲ၊ ဘာတွေ ပိုကောင်း ပိုမြန်လာလဲ၊ ဘယ်လောက် တိုးတက်သွားနိုင်လဲ လေ့လာကြည့်ပါ။ လေ့လာဖို့ အချိန်ပေးပါ။

ဒီနေရာမှာ ပိုက်ဆံ မပေးပဲ အလကားသုံးလို့ရတဲ့ Tool တွေ အများကြီးရှိနေပါတယ်။ B2B Sales အတွက်ပဲ ဖြစ်ဖြစ် Marketing အတွက်ပဲ ဖြစ်ဖြစ်။

နောက်ပိုင်းမှာ Tool တွေ အကြောင်း အသေးစိတ် မျှဝေသွားဖို့ ရှိပါတယ်။

 

Leading - ဒီနေရာမှာ အရေးအကြီးဆုံးက Guideline သေချာပေးနိုင်ရမယ်၊ Communication သေချာ လုပ်နိုင်ရမယ်။ ဘယ်လိုသွားကြမှာလဲ။ ကိုယ့် Strategy ကိုယ့် Plan ကို ကိုယ့်အောက်ကလူတွေ နားလည်ဖို့ လိုသလောက်၊ လ်ုက်လုပ်နိုင်ဖို့ လိုသလောက် သေချာ ရှင်းပြနိုင်ရမယ်။ Guideline ပေးနိုင်ရမယ်။ လိုက်လုပ်နိုင်ဖို့ လိုအပ်တဲ့ Motivation and Clarity ပေးရမယ်။

Motivation ဆိုတာ ဆုပေး၊ ဒါဏ်ပေးပါ။ အမြဲ အားတက်စရာ စကားတွေ ပြောနေဖို့ မဟုတ်ပါဘူး။

လူတွေဟာ သူတ်ို့ ဘာလုပ်ရမယ်၊ ဘာလုပ်ရင် ဘာဖြစ်မလဲ ဆိုတဲ့ Clarity ရှင်းလင်းမှုရှိရင် Motivation တက်ပါတယ်။

Communication က အလုပ်အတွက်ဆိုရင် ပြတ်သားရပါမယ်။ Sales Leadership Communication က်ိုနောက်ပိုင်းမှာ အသေးစိတ် sharing လုပ်ပါဦးမယ်။

Controlling - ဒါကလဲ အရေးအကြီးဆုံးလို့ပြောလို့ရတဲ့ Function တစ်ခုပါ။

ကိုယ်ချထားတဲ့ Goal တွေ အတွက်၊

Example :

- Sales Revenue က USD 100000
- Average Deal Size က USD 10000
- Average Deal Closing Rate က 10:1
- Average Lead to Customer Ratio က 20:1
- Average Outreach to Qualified Lead က 10:1
- Existing Customer New Project Won Ratio 3:1

ဆိုရင် ကိုယ့် Team အနေနဲ့ တရက်၊ တပါတ်၊ တလ Marketing က Lead ဘယ်နှခုဝင်ရမယ်၊ Sales က outreach ဘယ်လောက် လုပ်ရမယ်၊ meeting ဘယ်နခု ရရမယ်၊ Proposal ဘယ်နခုတင်ရမယ်၊ Existing Customer တွေနဲ့ engagement ဘယ်လိုလုပ်ရမယ်ဆိုတာ Planning Stage မှာထဲက ထွက်ရမယ်။ ထွက်ထားတဲ့ အတိုင်း Team က Result ရနေသလား နေ့စဉ်၊ အပါတ်စဉ်၊ လစဉ် Monitoring လုပ်န်ိုင်ရမယ်။

ဒီတစိပါတ်မှာ ဒီနေ့မှာ လိုချင်တဲ့ Target မရရင် ဘယ်လို ပြန် Optimize လုပ် Improve လုပ်မလဲ ဆိုတဲ့ Control system ရှိရပါမယ်။

ဒီနေ့မှာ ပြောပြပေးသွားတဲ့ အကြောင်းအရာကတော့ B2B Business Owner တွေ Leader တွေရဲ့ အခက်ခဲတွေကြားထဲက တစ်ခုဖြစ်နေတဲ့ Management လိုနေဖို့ အချိန် မရခြင်းဆိုတဲ့ အကြောင်းကို idea ရအောင် အကြမ်းဖျဉ်းဆွေးနွေးသွားတာပဲ ဖြစ်ပါတယ်။

 

Function တစ်ခုခြင်းစီ အသေးစိတ်တွေ အများကြီး ကျန်ပါသေးတယ်။

အခါအခွင့်သင့်ရင် အသေးစိတ် ပြောချင်ပါသေးတယ်။

မိတ်ဆွေတို့လဲ Comment မှာ ဝင်ဆွေးနွေးပေးသွားကြပါဦး။

 

အပိုင်း ၂ ဆက်လာပါမယ်….

 

 B2B Sales & Marketing Checklist Download

[![UC Labs Icon (500 x 180 px) (1)](https://www.uclabsgroup.com/hubfs/UC%20Labs%20Icon%20(500%20x%20180%20px)%20(1).png)](https://www.uclabsgroup.com/)

UC Labs helps individuals and organizations who want to improve consistently and achieve their goals using modern approach and strategies. 

###### Get In Touch

![1-1](https://www.uclabsgroup.com/hubfs/1-1.png)

09979347614

![2-2](https://www.uclabsgroup.com/hubfs/2-2.png)

info@uclabsgroup.com

![3-1](https://www.uclabsgroup.com/hubfs/3-1.png)

ETH - 948, Lane 22, Estella, Star City, Thanlyin Township, Yangon, Myanmar.

Copyright © 2026 UC Labs Company Limited All Rights Reserved.

[Privacy Poilicy |](https://www.uclabsgroup.com) [Terms & Condition](https://www.uclabsgroup.com)

```json
{
  "@context" : "https://schema.org",
  "@type" : "BlogPosting",
  "author" : {
    "@type" : "Person",
    "name" : "Instructor - William Kyaw",
    "url" : "https://www.uclabsgroup.com/uc-labs-company-limited-blog/author/instructor-william-kyaw"
  },
  "dateModified" : "2026-03-11T00:49:12.373Z",
  "datePublished" : "2026-02-07T06:41:23.000Z",
  "headline" : "အခက်ခဲကြားက B2B Business လုပ်ငန်းများ - အပိုင်း (၁)",
  "image" : [ "https://www.uclabsgroup.com/hubfs/B2B%20Blog%201%20Banner.png" ],
  "mainEntityOfPage" : {
    "@id" : "https://www.uclabsgroup.com/uc-labs-company-limited-blog/b2b-business-challenges-myanmar-management",
    "@type" : "WebPage"
  },
  "publisher" : {
    "@type" : "Organization",
    "logo" : {
      "@type" : "ImageObject",
      "url" : "https://www.uclabsgroup.com/hubfs/3.png"
    },
    "name" : "UC Labs Company Limited"
  }
}
```