အခက်ခဲကြားက B2B Business လုပ်ငန်းများ - အပိုင်း (၁)

Written by Instructor - William Kyaw | Feb 7, 2026 6:41:23 AM

လုပ်ငန်းလုပ်ပါတယ်ဆိုမှ အခက်ခဲကတော့ ပုံစံအမျိုးမျိုးနဲ့ ရှိစမြဲပါပဲ။ ဒါပေမယ့် ဒီနှစ်တွေမှာ B2B လုပ်ငန်းတွေမှာ ပိုခက်လာပါတယ်။

 

အဓိကကတော့ ကျွမ်းကျင် B2B Sales တွေ ရှားပါးလာတာပါပဲ။ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာ အရင်ကတွေ့နေရတဲ့ B2B Sales ကျွမ်းကျင်သူတွေ Relocation လုပ်ကုန်ကြတယ်။ သင်ပေးရလွယ်ကူ အလုပ်ကို serious ဖြစ်မယ့် လူသစ်တွေ junior မျိုးဆက်သစ်တွေကလဲ ပျက်တောက်သွားတော့ လက်ရှိ ရှိတဲ့သူနဲ့ပဲ အလုပ် အဆင်ပြေပြေ မပြေပြေ၊ နိုင်နိုင် မနိုင်နိုင် ဆက်သွားနေရတယ်။

ရောင်းရတာမှာလဲ Customer တွေ ဘက်ကကို အရင်ကလို budget မသုံးနိုင်တော့လို့ Deal တွေကနည်း၊ ရှိတဲ့ Deal မှာ ပြိုင်ဘက်ကများ၊ အမြတ် margin ကလဲပါးလာခဲ့တယ်။ Customer အသစ်ရှာဖို့ကလဲ အချိန်ကုန်လူပန်းဖြစ်လွန်းတယ်။

Owner နဲ့ Leader တွေ စျေးထ မရောင်းရင် အလုပ်မဖြစ်ဘူး ဖြစ်လာတယ်။

ဆက်ရေးရရင် အများကြီးပေါ့။ ဒါတွေကြောင့်ပဲ အခက်ခဲကြားက B2B Business လုပ်ငန်းများ ဆိုတဲ့ ဒီ Blog Series ကို စရေးဖြစ်ခဲ့ပါတယ်။

အရာရာအားလုံးရဲ့ အစက Management ကလို့ ကျွန်တော်က ပြောချင်ပါတယ်။ လူတွေ မကောင်းတာ မတော်တာလို့ ပြောတာ မဟုတ်ပါဘူး။

အဓိကက Management က Management လို စဉ်းစားဖို့ အချိန်မရ၊ Management က Management လို အလုပ်လုပ်ဖို့ အချိန်မရတာကစပါတယ်။

မိတ်ဆွေက Management တစ်ယောက် B2B Business တစ်ခုကို ဦးဆောင်နေရပြီ ဆိုရင် အခုပြောတာတွေ လိုက် စဉ်းစားကြည့်ပါ။

ဒီနေရာမှာတော့ Sales နဲ့ Marketing ကိုပဲ Focus လုပ်ပြီး ပြောပါရစေ။ နောက်ပိုင်း Blog တွေမှာတော့ အခြား area တွေနဲ့ ပါတ်သက်ပြီး ပြောပါဦးမယ်။